Wednesday, 19 October 2011

ပြက္ခလိမ်နဲ့ဒိုင်ညာရီ

ကြိုတင်ခရီး၊ရေးပြီးမှတ်ရန်
ဖွင့်လှန်တွက်ချက်၊ပြက္ခဒိန်ရက်။

ရေလမ်း-ကုန်းလမ်း၊မနားတမ်းသွား
ရက်မအားခဲ့၊ရွာများသို့ရောက်
တစ်ထောက်မရပ်၊ရေးမှတ်ဟောပြော
နှီးနှောဖလှယ်၊ပြုဖွယ်ရာများ
ထည့်သွင်းထားလည်း၊သူကားနေဆဲ
သူ့-အိမ်ထဲတွင်၊ကြောဆွဲ-ပျင်းထူနေလေ၏ ။

နေ့စဉ်ခရီး၊ရေးပြီးမှတ်ရန်
ဖွင့်လှန်ဒိုင်ယာရီ၊တစ်ရွက်စီ။

သူသွားသည့်ရွာ၊များလှပါသည်
ဝေးကွာခရီး၊မနီး-၅ မိုင်ပြနိုင်ပါ၏ ။

ခရီးစရိတ်၊ယာဉ်စရိတ်ကို
ထိုင်ရာမထ၊သူမှန်းဆ၍
နေ့စားခတွက်၊ရသောအချိန်
အကြိမ်များစွာ၊ထည့်သွင်းပါလည်း
သူကမသွား၊နေငြားသူ့အိမ်
ခြေလိမ်ချိတ်လျှက်၊အရက်ခွက်နှင့်
တစ်ချပ်မှောက်ကစားနေလေ၏ ။။။။။။။။။။။။။။။။