Friday, 30 September 2011

ပစ်တိုင်းထောင်

အပြုံးမပျက်၊စိတ်မကွက်ပဲ
ရပ်မြဲရပ်ခါ၊သူနေပါ၏

ထိပါတို့ပါ၊မမှူပါဘူး
ယိမ်းကာယိုင်ကာ၊သူမတ်၏

တွန်းပါတိုက်ပါ၊မမှူပါဘူး
တိမ်းကာစောင်းရင်း၊သူမတ်၏

ရွေ့ပါပြောင်းပါ၊မမှူပါဘူး
လူပ်ခါလိမ့်ရင်း၊သူမတ်၏

အတွန်းအထိုး၊ရွေ့အောင်တိုးရင်း
ထိပိုးထိပါး၊နှောင်ကြိုးများက
ဆင့်ပွားရစ်ရစ်၊တင်းကာကျစ်လည်း
ကြံ့ကြံ့ခံမည့်၊ပစ်တိုင်းထောင် ။။။။။။။။။။။။။။

ဝန်နဲ့အား

အင်အားကြီးမား၊အလေးများကို
ကုတ်အားချိန်ဆ၊မနိုင်ကြ၏​။

ကုတ်၏သဘော၊ချောမွေ့လွယ်ကူ
သယ်ယူရွှေ့ပြောင်းနိုင်ပါ၏ ။

ကြီးမားသောဝန်၊ရွှေ့ပစ်ချင်လို့
မီးချစ်ဆံကုတ်၊သူအားထုတ်လဲ
အလုပ်ကတော့မဖြစ်နိုင်။။။။။။။။။

လူ(၁)

ကိုယ်အကျိုးသာ
ရှေးဦးစွာကြည့်၊လူဟူဘိ။။။။။။။။။။။။။။။။

ကိုယ့်ရဲ့အကြောင်း၊
ဆိုးအကောင်းကို၊သောင်းပြောင်းထွေလာ
ရှေးဦးစွာကြည့်၊လူဟူဘိ။။။။။။။။။။။။။

သို့ပါသော်လည်း၊အတ္တ္ကကဲကာ
ရှာဆဲရှာတုန်း၊ဥာဏ်တွေတုံး၍
ဆုံးစမရ၊ဤလောက၏
ဘဝထွေထွေ၊ကြောင်းထွေထွေကို
စေ့ရေသေချာ၊သူလေ့လာလည်း
ပိတ်ခါမှောင်ချ၊သူ့ဘဝတည့်။။။။။။။။။။။။

သူ့ရဲ့ဘဝ၊တစ်ကွက်မျှပင်
မသိချင်ယောင်၊သိချင်ယောင်နှင့်
ကွေ့ရှောင်ပတ်ဆဲ၊မတွေးရဲ။။။။။။။။။။။။။။။

ကိုယ့်အကြောင်းကို၊ကြားပုဂ္ဂိုလ်က
ပြောဆိုဝေဖန်၊အရေလှန်သော်
နာခံလည်းခက်၊ရှောင်လည်းခက်နှင့်
စိတ်မဝင်စား၊နားပိတ်ထားသည်
လူသားဘဝ၊ထူးဆန်းစွ ။။။။။။။။။။။။။။။။

နေနှင့်တစ်တောင်ပိုနီးသူ

နေပူခါးခါး၊လူသားသုံးယောက်
လမ်းလျှောက်ခရီးနှင်ကြလျှက်။

လူတစ်ယောက်က
ပူလှသည့်ဒဏ်၊သူမခံနိုင်
ရိပ်မြိုင်ရှိရာ၊သူထွက်ခွာလို၊ခွင့်တောင်းဆို၏ ။

နောက်တစ်ယောက်က
ပူလှသည့်ဒဏ်၊သူလဲခံရ
ညီမျှအတူ၊ဒို့လူ-သုံးယောက်
လမ်းလျှောက်ချီတက်၊လက်တွဲလျှက်ပင်
ခက်ခဲကျော်လွှား၊ဒို့အားဒို့ကိုး
ကျိုးမယုတ်နိုင်၊ပန်းတိုင်ရောက်ရေး
အားပေးခေါ်ယူ၊တွဲခါကူ၏ ။

ကျန်တစ်ယောက်က
ပူလှသည့်ဒဏ်၊အခံရဆုံး
နေလုံးထွက်ရာ၊ငါကမင်းထက်
နီးလျှက်တစ်တောင်၊သို့တိုင်အောင်လဲ
ကျဆဲချွေးပေါက်၊တွေးမကြောက်ပါ
ခမ်းချောက်သားရေ၊သက်မသေသော်
တွေဝေမတွန့်၊အသက်စွန့်၍
ဝံ့ဝံ့စားစား၊ဒို့များဆက်လက်
ခရီးထွက်ရန်၊အားမာန်အပြည့်ပြောလေ၏ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။(မလေးရောက်သူငယ်ချင်းများသို့အမှတ်တရ)