ဒုက္ခတွေကိုပြပြပြီး
မင်းကငါ့ကိုမြှူဆွယ်ရဲ့
ငါဘာကောင်ဆိုတာသိဖို့
ငါ့ဗိုက်ကိုဓားနဲ့ထိုးကြည့်ဖို့တော့
မကြိုးစားနဲ့လေ
ငါ့ဘဝရဲ့ဖြစ်တည်မှုဟာ
ငါ့ဗိုက်ထဲမှာမရှိဘူး
ငါ့မှာရှိသမျှငါ့ဘဝရဲ့အဓိပ္ပာယ်တွေ
မင့်ကိုသာပေးလိုက်ချင်ရဲ့
ငါ့မှာဗလာသက်သက်အခွံချည့်
ကျန်ရစ်ခဲ့စမ်းပါစေ။
မင်းနဲ့ပတ်သက်ပြီးတော့လည်း
ပြားပြားဝပ်မတတ်ကြောက်ဒူးတုန်ရဲ့
ပထမဆုံးသေနတ်သံကြားကတည်းက
လက်နက်ချဖို့သာ စိတ်ကူးနေသူပါ
မင်းနဲ့ပတ်သက်တဲ့ ငါ့ရဲ့အနာဂါတ်တိုင်းဟာ
ဘယ်တုန်းကမှငါ့ဆီကိုရောက်မလာခဲ့ဘူး
ထင်းရှူးပင်တွေပေါတဲ့တောအုပ်ကြီးထဲ
အမြဲတမ်းပုန်းပုန်းနေတဲ့အနာဂတ်ပါ။
ရူးစမ်းပါစေ ဆိုပြီး
မင်းပစ်ပေးလိုက်တဲ့အဲသည်အထုပ်ကို
ရတဲ့နေ့ကစ
တစ်ညမှအိပ်မပျော်တော့ဘူး
ဟင်းလင်းပြင်ကြီးကိုပွေ့ဖက်
ငါ့ထွက်သက်နဲ့ဝင်သက်တိုင်းမှာ
မီးနဲ့ရေ ကိုရှုသွင်းမှုတ်ထုတ်
အပြင်းစားအာရုံတွေကို ငါစားသုံးရဲ့။
လှုပ်ခတ်နေတဲ့
ငါ့စိတ်ရဲ့အသံဗလံတွေကို
မင်းကြားရဲ့လား။
ဟေ့
ငါ့ကိုသနားလို့ဆိုပြိးတော့များ
မင်းဖန်တီးထားတဲ့ဇာတ်ကွက်ဇာတ်လမ်းတွေ
ရပ်တန်းကရပ်မပစ်လိုက်ပါနဲ့
ငါဆက်ပြီးရူးစမ်းပါရစေ။
နားမလည်ပါဘူးဆိုတာကိုက
မင်း ငါ့ကို နားလည်တာပါပဲ။ ။
Thursday, 20 December 2012
စံပါယ်ဖြူအိမ်မက်
လှိုင်းခတ်သံ ဂီတ...
ချိုမြ မပီပြင်၊ သည်ရင်မှာ
ကြယ်ပြာ...လပြာ...ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊ လျှပ်လက်သလို
အို... လှလိုက်တာ။
သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့်စင်၊ အာရုံမြင် ရနံ့
သင်းပျံ့နေဆဲ၊ ရင်ထဲမှာ...။
စကားတိုးတိုး၊ မြူခိုးဝေေ၀
စံပယ်ရေ...စပယ်ဖြူ...
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ ဟိုး အဝေးကို။
သည်အိပ်မက်မှ၊ မောင် နိုးထလည်း
တမ်းတတပ်မက်၊ ရုန်းမထွက်ချင်
သက်ဦး မြတ်မွန်၊ ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ...၊
စံပယ်ရေ... စံပယ်ဖြူ...
ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါ မေ။
ချိုမြ မပီပြင်၊ သည်ရင်မှာ
ကြယ်ပြာ...လပြာ...ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊ လျှပ်လက်သလို
အို... လှလိုက်တာ။
သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့်စင်၊ အာရုံမြင် ရနံ့
သင်းပျံ့နေဆဲ၊ ရင်ထဲမှာ...။
စကားတိုးတိုး၊ မြူခိုးဝေေ၀
စံပယ်ရေ...စပယ်ဖြူ...
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ ဟိုး အဝေးကို။
သည်အိပ်မက်မှ၊ မောင် နိုးထလည်း
တမ်းတတပ်မက်၊ ရုန်းမထွက်ချင်
သက်ဦး မြတ်မွန်၊ ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ...၊
စံပယ်ရေ... စံပယ်ဖြူ...
ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါ မေ။
Subscribe to:
Posts (Atom)