Monday, 3 October 2011

အံ့သြမိခြင်း

နက်မှောင်ပြောင်မဲ သားလှထဲမှ
ထူးကဲပုံနှယ်၊ဥသြငယ်ကို
ပြူးကျယ်မျက်စိ တွေးသတိနှင့်
ငေးကြည့်ကျီးမ အံ့သြချ၏ ။။။။။။

ကြက်အုပ်သားမ
အိုင်ဝကိုပတ် ချားရဟတ်နှယ်
ပါးစပ်ပြားပြား ခြေသားတွဲတွဲ
ရေထဲမှာပျော် သားလှမော်တို့
ကြွေးကြော်သံဆန်း ပြုပုံဆန်းကို
စူးစမ်းအံ့သြနေလေ၏ ။။။။။။။။

သစ်ငုတ်အိုမှ
မိုးကျရေထိ ရှင်သန်ဘိသို့
ပျော့အိဆန်းပြား ပွင့်ကားစွင့်စွင့်
ပန်းမိုပွင့်ကို တွေးချင့်သောခါ
အံ့သြပါ၏ ။။။။။။။။။။။။

မိမိရုပ်ပုံ
ကြေးမုံရိပ်တွင် ကြည့်၍မြင်သော်
ကိုယ်ပင်အံ့သြ သဘောပြောင်းလွဲ
လက်ဝဲလက်သည် ပြက်ပြက်ထင်ထင်
ခုပင်ခုခါ ပြောင်းလွဲကာလျှင်
လင်္ကျာလက်ကြီးဖြစ်နေသည်။