နေပူခါးခါး၊လူသားသုံးယောက်
လမ်းလျှောက်ခရီးနှင်ကြလျှက်။
လူတစ်ယောက်က
ပူလှသည့်ဒဏ်၊သူမခံနိုင်
ရိပ်မြိုင်ရှိရာ၊သူထွက်ခွာလို၊ခွင့်တောင်းဆို၏ ။
နောက်တစ်ယောက်က
ပူလှသည့်ဒဏ်၊သူလဲခံရ
ညီမျှအတူ၊ဒို့လူ-သုံးယောက်
လမ်းလျှောက်ချီတက်၊လက်တွဲလျှက်ပင်
ခက်ခဲကျော်လွှား၊ဒို့အားဒို့ကိုး
ကျိုးမယုတ်နိုင်၊ပန်းတိုင်ရောက်ရေး
အားပေးခေါ်ယူ၊တွဲခါကူ၏ ။
ကျန်တစ်ယောက်က
ပူလှသည့်ဒဏ်၊အခံရဆုံး
နေလုံးထွက်ရာ၊ငါကမင်းထက်
နီးလျှက်တစ်တောင်၊သို့တိုင်အောင်လဲ
ကျဆဲချွေးပေါက်၊တွေးမကြောက်ပါ
ခမ်းချောက်သားရေ၊သက်မသေသော်
တွေဝေမတွန့်၊အသက်စွန့်၍
ဝံ့ဝံ့စားစား၊ဒို့များဆက်လက်
ခရီးထွက်ရန်၊အားမာန်အပြည့်ပြောလေ၏ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။(မလေးရောက်သူငယ်ချင်းများသို့အမှတ်တရ)
No comments:
Post a Comment