Saturday, 22 October 2011

လက်ဖွဲ့ခြင်းသီးခံပါ

ကိုယ့်ဇနီးထက်၊ပိုစုံမက်၍
ကိုယ့်လင်သားထက်၊ပိုစုံမက်၍
သောက်လျှက်မပြေ၊ဆားငံရေနှယ်
လေဒန်းဖမ်းဆင်၊ဆားနှင့်ချဉ်သို့
ပုတ်သင်ခေါင်းငြိမ့်၊တစ်မှိတ်အရသာ ။။။။။။။။။။။။။။။

တစ်ပင်မနား၊တစ်ပင်လွှား၍
လှူပ်ရှားယှက်လိမ်၊ခရုအိမ်တွင်
ကျားပိန်တွယ်တွယ်၊ရမက်တွယ်ငြိ
မြှူဆွယ်ညွှံအိုင်၊ဒုက္ခလိုင်သော
H.I.V ပိုး၊ရောဂါဆိုးသည်
ဂြိုဟ်ဆိုးပမာ၊ကပ်၍ပါသည်
လျှပ်ဝါပြိုးပျက်၊မျက်တစ်ခတ်ရသာ
မင်္ဂလာလက်ဖွဲ့ ။။။။။။။။။။။။။။။။။။။။။။။။။။။။

No comments:

Post a Comment