တိုင်းတစ်ပါးပြည်၊စက်ရုံတည်၍
ပင့်ချီမြှောက်ဝိုင်း၊လူ့သမိုင်းကို
လှိုင်းတံပိုးတွေ၊ထကြွစေ၏ ။။။။။။
ငါတို့တိုင်းပြည်၊ဖားဖိုတည်၍
ဝေသီမြင့်ခေါင်၊ပုပ္ပါးတောင်တွင်
ဂူချောင်တွင်ပုန်း၊ဂမုန်းဆေးကြိတ်
ပုတီးစိတ်၍၊ဧရိပ်ဆာယာ
လူ့အလွှာကို၊သက်ရာရှည်အောင်
ကြံစည်ကြိုးစားနေပါ၏ ။။။။။။။။။။။။။
တိုင်းတစ်ပါးပြည်မှ၊ကြံတွေးဆ၍
လပေါ်ကိုတက်၊ရှေ့ဆက်ဂြိုဟ်များ
သွားရန်ဟန်ပြင်နေဆဲတွင် ။။။။။။။။။။။
ငါတို့တိုင်းခွင်၊တလင်းပြင်ဝယ်
ကျောလျှင်ပြောင်ပြောင်၊ခါးတောင်းမြှောင်၍
ဖင်ထောင်မိုးထိုး၊ငုံ့လက်လျှိုးကာ
တွင်းတိုးမြေတွင်၊ရေဝင်ပုဇွန်လုံး
ကုန်း၍နိုက်နေဆဲပါတည်း ။။။။။။။။။။။။။။။။။။။။။။။။။။။။။။
No comments:
Post a Comment