သမီးမိုက်က၊ချစ်နေမှတော့
မိဘစိတ်မှာ၊မကြည်သာလည်း
မပြစ်ခွာရက်၊ရှိုက်ပင့်သက်ဖြင့်
သားမက်သူ့ကိုတော်လိုက်၏ ။
ကိုယ့်သမီးကို၊ရန်ငြိုးသို၍
မလိုတမာ၊ကိုယ့်ရှေ့မှာပင်
ရိုက်ကာငြိုငြင်၊မကြည့်ချင်မို့
ခင်မင်ဟန်ပြ၊ဆက်ဆံရ၏ ။
ကိုယ့်မြေးကလေး၊အနှစ်ထွေးကို
ဆဲရေးနင်းချေ၊မလုပ်စေဖို့
ကြေနပ်ဟန်ပြ၊ဆက်ဆံရ၏ ။
ကိုယ့်အိမ်ပေါ်တွင်၊
သူစိတ်ထင်တိုင်း၊တဒိုင်းဒိုင်းနှင့်
အရိုင်းသံဝေ၊မလုပ်စေအောင်
ရွှေငွေကစ၊ထောက်ပံ့ရ၏ ။
သမီးချစ်မို့
မပစ်ရက်နိုင်၊တမှိုင်မှိုင်ဖြင့်
ငေးငိုင်နေသော၊မိဘနှစ်ပါး။။။။။။။။။။။။။။။။။။။။။။။။။။။။။
No comments:
Post a Comment