မိုးရေဆေးသန့်
ဝင်းဖန့်စိမ်းလဲ့၊ပင်စည်ချဲ့လျှက်
မြရွက်ဖားဝေ၊ကမ္ဘာမြေတွင်
လေသန့်၊ရေသန့်၊မြေသန့်စေ။
ozone အလွှာထူထဲပါမှ၊ultra ကိုစုပ်
ထိန်းချုပ်ရောင်ခြည်၊ကမ္ဘာဆီသို့
ရွှေရည်လက်လက်၊ပိုက်ထွေးဖက်စေ။
စက်ရုံမှထွက်၊မီးခိုးနက်နှင့်
အက်စစ်မိုးရေ၊ကမ္ဘာမြေနှင့်ကင်းဝေးစေ။
ရေတွင်စွန့်ပစ်၊မိုက်-အညစ်နှင့်
အက်စစ်ဓါတ်ပြာ၊နူမြူပါကြောင့်
ရေပြာဆိပ်ကြွ၊ငါး-တစ်မတို့
ဘဝသေဘေး၊ကင်းဝေးကြစေ။
ရေလွှာပြန့်ပြူး၊ငါးပျော်မြူး၍
သီကြူးမြည်အော်၊ပင်လယ်ပျော်ငှက်၊သံစဉ်ဆက်စေ။
သစ်ပင်ခုတ်ဖြတ်၊ဧဓါတ်မထိန်း
မလိမ်းမြေဆီ၊ရာသီမမှန်
တောင်နံရံပြို၊စိမ့်စမ်းအို၍
တိမ်ညိုမယိမ်း၊မိုးမဟိန်းနှင့်
အစိမ်းမဖုံး၊တောင်ကတုံးကို
သျှောင်ထုံးကြစေ။
ပင်ရိပ်ဝေဝေ၊စိမ်းစိုမြေနှင့်
ရေတံခွန်စမ်း၊ဟေဝန်နန်းဝယ်
နွယ်ဒန်းစီစီ၊ပန်းပွင့်သီ၍
ကျီကျာသံလွင်၊ငှက်သဘင်ကျင်း
လှခင်းစုံသော၊မြက်ခင်းမြလွှာစိမ်းစိုစေ။
လူ့ပတ်ဝန်းကျင်
အမြင်လှပ၊ထာဝရဖြစ်ရန်
နက်ဖန်မဟုတ်၊ယနေ့လုပ်မည်
အသိချည်၍၊ကိုယ်စီထိန်းသိမ်းနိုင်ကြစေ။
လေကမ္ဘာ၊ရေကမ္ဘာ၊မြေကမ္ဘာတွင်
ငြိမ်းချမ်းစဉ်ဖို့၊သင်လဲတာဝန်ကျေပါစေ။
မိုးရေဆေးသန့်
ဝင်းဖန့်စိမ်းလဲ့၊ပင်စည်ချဲ့လျှက်
မြရွက်ဖားဝေ၊ကမ္ဘာမြေတွင်
လေသန့်×××××××××
ရေသန့်×××××××××××
မြေသန့်စေ။×××××××××××××××××××
Sunday, 11 March 2012
Monday, 5 March 2012
တန်ဖိုး
ဖြူနှစ်ဖွေးလက်နို့တစ်ခွက်က
ညံ့သက်ဆိမ့်မွှေးလှပါ၏
မီးဖိုထက်တွင်နို့ခွက်တင်၍
သွင်သွင်ခတ်မွှေ နို့ချိုရည်လည်း
အခြေပြောင်းလဲ အသွင်ကွဲ၏
ပြစ်ခဲထောပတ်ဖြစ်လေ၏......
နို့တစ်ခွက်မှ ချက်ယူရသော
မွှေးမြထောပတ် ရသာဓာတ်သည်
မူလတန်ဖိုး နို့ရည်မျိုးနှင့်
အချိုးအစား ပြောင်းလဲ၏ ။။။။။။
ညံ့သက်ဆိမ့်မွှေးလှပါ၏
မီးဖိုထက်တွင်နို့ခွက်တင်၍
သွင်သွင်ခတ်မွှေ နို့ချိုရည်လည်း
အခြေပြောင်းလဲ အသွင်ကွဲ၏
ပြစ်ခဲထောပတ်ဖြစ်လေ၏......
နို့တစ်ခွက်မှ ချက်ယူရသော
မွှေးမြထောပတ် ရသာဓာတ်သည်
မူလတန်ဖိုး နို့ရည်မျိုးနှင့်
အချိုးအစား ပြောင်းလဲ၏ ။။။။။။
တောင်စဉ်တောင်တန်းတွေ မြူခြေအုံမှိုင်းဝေ စာသင်ကျောင်းလေးတစ်ကျောင်းရှိလို့နေ
ကျွန်တော်ဟာ အခြေအမြစ်မရှိတဲ့ တောဘဲတစ်ကောင်အုပ် ပေါ့ ၊
ကျွန်တော်တို့ရဲ့ ငွေဖြူတွေကို ငွေမည်း အဖြစ် ပြောင်းလဲ
အိပ်မက်နှစ်ခုဟာ ညတစ်ည ဖြစ်လာခဲ့တယ် ။
အပျက် အဆက်တွေ တောက်ခဲ့ရတဲ့ ကြားထဲမှာ
ခွေးသားတံဆိပ် ခဲတံကြီးဟာ ကွန်ပျူတာကီးဘုတ်လေးနဲ့
အစားထိုး
ဒါရိုးရိုးဇာတ်လမ်း မဟုတ်ဘူးလို့ ဆိုကြပြန်ရော
တရားက လိုအပ်တာ မဟုတ်ပဲ တရားကို လိုအပ်ခြင်း ဖြစ်သောအခါ
မည့်သူကိုမျှ မည်သူကမှ ကူကယ်မခြင်း
များကို လေ့လာမည်
များကို ပစ်ပယ်မည်
အခြေအနေအရပ်ရပ်ကို တစ်ရောင်တည်း ရွေးချယ်ကာ တစ်ရောင်တည်း ရေးချယ်ခဲ့ပါလျှင်
ပညာတက်များသည် အထွေထွေ အပြားပြား ဖြစ်တက်ချေရာ
ကံကြမ္မာငင် ၀ါကျဆင်များ အတွက်
စွမ်းရည်ပင် လိုအပ်လေရာ စွမ်းရည်ကို အသိအမှတ်ပြုခြင်းပင် လိုအပ်ပေသည် ။
သူတို့၏ အမြင်ရသော် မမြင်ရသော် ကောင်း၏။
အခြေအမြစ်မရှိတဲ့ ငွေဖြူတွေကို ညတစ်ညဟာ တောဘဲတစ်အုပ်ရဲ့ ငွေမဲတွေအဖြစ် ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း ကျွန်တော်ရဲ့ အိပ်မက်နှစ်ခုမှာ တောဘဲတစ်ကောင်က…..။

နှစ်ယောက်
မနက်စောစော လမ်းလျှောက်ခြင်းကို
သင်ယုံကြည်သလားလို့ ပြတင်းပေါက်က မေးလိုက်တယ်
တွေဝေစိတ်နဲ့ လှည့်ကြည့်လိုက်တော့
ကြည်လင်တဲ့ မှန် ၆ချပ်ကိုဖြတ်ပြီး တိမ်ညိုတွေဟာ
ချိန်းထားသူရှိနေသလို သွားနေတာ တွေ့လိုက်ရတယ် …
သင်ဟာ အကြင်နာကို တောင့်တနေသလားလို့
ခေါင်မိုးက မေးလိုက်တယ်
စိတ်က ခေါင်မိုးဆီ ရောက်သွားတော့ ခေါင်မိုးပေါ်
မိုးတဖြောက်ဖြောက် ကျနေသံ ကြားလိုက်ရတယ် …
တကယ်တော့ … ကျွန်တော်ဟာ…
အိပ်ရာတစ်ခုပေါ် အိပ်နေတာမဟုတ်ပဲ
ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ အိပ်နေတာပါ..
ခင်ဝမ်း

လမ်းပေါ်မှာ
လှလိုက်တာ၊ ငါ တီးတိုးဆိုမိ
ဪ၊ မင်းကို ရည်ညွှန်းဆိုမိတာပါ
လမ်းပေါ်မှာ ငါလျှောက်လှမ်းနေချိန်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ။
ခင်ဝမ်း
ဪ၊ မင်းကို ရည်ညွှန်းဆိုမိတာပါ
လမ်းပေါ်မှာ ငါလျှောက်လှမ်းနေချိန်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ။
ခင်ဝမ်း
Subscribe to:
Posts (Atom)