Monday, 5 March 2012

နှစ်ယောက်

မနက်စောစော လမ်းလျှောက်ခြင်းကို
သင်ယုံကြည်သလားလို့ ပြတင်းပေါက်က မေးလိုက်တယ်
တွေဝေစိတ်နဲ့ လှည့်ကြည့်လိုက်တော့
ကြည်လင်တဲ့ မှန် ၆ချပ်ကိုဖြတ်ပြီး တိမ်ညိုတွေဟာ
ချိန်းထားသူရှိနေသလို သွားနေတာ တွေ့လိုက်ရတယ် …

သင်ဟာ အကြင်နာကို တောင့်တနေသလားလို့
ခေါင်မိုးက မေးလိုက်တယ်
စိတ်က ခေါင်မိုးဆီ ရောက်သွားတော့ ခေါင်မိုးပေါ်
မိုးတဖြောက်ဖြောက် ကျနေသံ ကြားလိုက်ရတယ် …

တကယ်တော့ … ကျွန်တော်ဟာ…
အိပ်ရာတစ်ခုပေါ် အိပ်နေတာမဟုတ်ပဲ
ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ အိပ်နေတာပါ..

ခင်ဝမ်း

No comments:

Post a Comment