Sunday, 25 December 2011

အမည်ပြောင်းခြင်း

ခေါင်းငုံ့နေတာ
ဦးညွှတ်ချင်လို့မဟုတ်ပါ။

ငြိမ်နေတာ ကြောက်ရွံ့နေလို့
မဟုတ်ပါ။

အရှုံးပေးတာ
မနိုင်လို့ မဟုတ်ပါ။

သင်၏ အောက်သို့ကွေးညွှတ်၍
တရွရွလှုပ်နေသော
နှုတ်ခမ်းလေးကြောင့်လည်းကောင်း...

စိုးရိမ်နေသော
မျက်ဝန်းများကြောင့်လည်းကောင်း...

တစ်ကုဗစင်တီမီတာခန့်ရှိသော
မျက်ရည်တစ်စက်ကြောင့်လည်းကောင်း...

အရာရာတို့၌
ခံပြင်းစွာ
နာကျည်းစွာ
ဒေါသဖြစ်စွာ
အရှုံးပေးလိုက်ပါသည်

ထို့ကြောင့်
ကျွန်တော်မောင်မင်းလူ
(W/RGN 002587) အား
ယနေ့မှစ၍
နွားကြီးဟုခေါ်ပါရန်။


မင်းလူ

No comments:

Post a Comment