သခင် ငါခိုင်းတာကို၊လုပ်မှာသာလုပ်
ကျွန်ုပ်တစ်နေ့ဆုချမယ်။
ကျွန် သခင်ခိုင်းတာ၊လုပ်ရမှာပေါ့
ကျုပ်ဟာသစ္စာရှိပါတယ်။
အလုပ်ကြိုးစား၊သူ့ခွန်အားကို
ဖွံ့ထွားနေ့ည၊မပြတ်ရပေါ့
နှစ်လရှည်ကြာခဲ့ပေပြီ။
ကျွန် နှစ်တွေသာကြာ၊ဘယ်မှာလဲဆု
ခုချက်ချင်းပေး၊ကျုပ်အခွင့်အရေး။
သခင် မပေးနိုင်ပါ၊လုပ်ခသာလျှင်
ဆုလို့ထင်ပါ၊မင်းတွက်တာ။
ကျွန် သခင်ဟာလူ၊လူမှာသစ္စာရှိရမှာပေါ့
ဘယ်မှာလဲဗျ၊ခင်ဗျားသစ္စာမုသားပါလား၊
စကားပျက်တာ၊ခင်ဗျားပါပဲ။
သခင် အေးလေဟုတ်သား၊
ငါ့စကားသာ၊ငါ့ဟာငါဖျက်
နင့်ဘက်ပြောကြား၊နင့်စကားကို
ငါကားမဖျက်၊ယခုထက်ပင်
ဆထက်ကြိုးပမ်း၊ငါ့ဝန်ထမ်းလော့။။။။။။။။။။။။။။။။။။။။။။။ (ကမ္ဘာ့အလုပ်သမားနေ့အမှတ်တရ)
No comments:
Post a Comment