Wednesday, 28 December 2011

ရာသီဥတုဆိုး

(၁)
စိတ်တွေကို နေဝင်မီးငြိမ်း
မင်းရဲ့ ရယ်သံတွေကို
နေ့ဖို့ညစာ သိမ်းဆည်းလို့
... ငါ ပြန်ခဲ့တယ်။

(၂)
ဘဝမှာ
မျက်နှာချင်းဆိုင်ရလွန်းတော့လည်း
လူချင်းမှားပြီး နှုတ်ဆက်မိတာ
... များလွန်းတယ်၊
ကောင်မလေးရေ ... “မင်္ဂလာပါ”
မင်းကို ငါ
လူမှားခဲ့ပါသလား

(၃)
တစ်ချို့လူတွေက ...
ပန်းပွင့်တွေကို ခူးခူးပြီး
နောက်ဘဝအတွက် ဆုတောင်းတယ်၊
ငါကတော့ ...
ပစ္စုပ္ပန်မှာ
သူတို့ခူးဖို့ ပန်းပင်တွေကို စိုက်တယ်။

ငါ့ရဲ့ချစ်လှစွာသော အမိုက်မဲမလေးရေ
မင်းကတော့ နားလည်လိမ့်မယ် မဟုတ်ပေဘူး။

No comments:

Post a Comment