မနေ့ကမှ ကိုယ့်ကိုယ်ကိုယ်ငုံ့ကိုင်းကြည့်မိရဲ့ ကျွန်တော်ရဲ့ ၀င်သက်ထွက်သွက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ ။ လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေအတိုင်းပါပဲ လောကဓံခွန်ကြီးခွန်ငယ်တွေကြားမှာ ကျွန်တော်ဟာလည်း ၀ူးဝူးဝါးဝါး နဲ့ လူအဖြစ် ပွင့်ခဲ့ရတာပါ ။ တကယ်ဆို ကဗျာဟာ အချစ်ဦး မသိအောင် ရေးရတဲ့အရာပေါ့ ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညဘာညာ အဲ့ဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ ။ တစ်ရံတစ်ခါလေပူအဝေ့တွေမှာတော့ လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ် အဲဒါကလွဲရင် သူလိုကိုယ်လို လောက်တောင် ကျွန်တောင်မကွေ့ကောက်ခဲ့ပါဖူး ။ ကျွန်တော်နဲ့သိုးထိန်းတို့ ခုလိုမျိုး စကားစိမ်းဆိုကြ အော် ... တစ်ခုတော့ ရှိတယ် ကျွန်တော်မပါပဲလည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ် အဲဒါကိုပြောဖို့ ကျန်ခဲ့တယ် ။ |
|
No comments:
Post a Comment