Wednesday, 28 December 2011

ဟယ်လို! စက်တင်ဘာ (၁၁)

“မျှော်လင့်ချက်ပျောက်တယ်” ဆိုတာ
ချောင်းဆိုးတဲ့ ရောဂါတစ်မျိုးပါပဲ။
ကိုယ်တိုင်လည်း နာကျင်တယ် ...
(ကံဆိုးတဲ့) တခြားလူတွေကိုလည်း ကူးစက်နိုင်တယ် ...။

လူသားရာဇဝင်ကိုမှ မာတိကာရေးချင်သူတို့ရေ ...
... ထောင်းလမောင်းထအောင် ကြေကွဲကြ၊
... ဘာမှန်းမသိတာတွေကို သီချင်းလုပ်ဆိုကြ၊
(ခု နောက်ပိုင်းတော့) မျက်ရည် လက်တစ်ခုပ်စာနဲ့
... ကမ္ဘာကြီးကိုဆေးကြောဖို့ ကြိုးစားကြပေရော့။

ဘယ်သူက ထင်ရက်မှာတဲ့လဲ !!!

ငါတို့ကို ပြုစားသွားခဲ့ရက်တဲ့ ... “ရွာသူ” ရယ် ...
တို့အိပ်မက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့
(ကိုယ့်ဖာသာကိုယ်) မက်ခွင့်ရှိတယ်လို့ အောက်မေ့ခဲ့တာပါ ...။

သိပ်ကို သေချာသွားပြီ ...၊ ငါတို့ရဲ့ ဘဝဟာ
ကောက်ရိုးနဲ့ လုပ်ထားတဲ့ ပုံပြင်တစ်ပုဒ်ကို
... မီးရှို့ခဲ့တယ်ဆိုတာပေါ့ ...။

No comments:

Post a Comment