Friday, 23 December 2011

ကျောက်ဆောက် ဘုရားတိုင်ရတု -မယ်ဘွဲ့ ( ၁ )

တသောင်းရှစ်မည်၊ လေးထောင်တည်ကို၊
ရစ်သည်လှည့်ပတ်၊ လပြာသာဒ်နှင့်၊
ရန်နတ်နီးခိုက်၊ သောစဉ်ကြိုက်ဝယ်၊ ‎
ထိန့်ရိုက်သပြေ၊ အာဏာမွှေသား၊
သရေဓမ္မ၊ သောကရွှေမှောက်၊
တည်ခဲ့မြောက်သည်၊
ကျောက်ဆောက်လျှံပြောင်၊ ‎မိတည်းနောင်။ ။
ရည်စောင် လနှစ်၊ အသစ်အသင့်၊
ကြားဆင့်လေသံ့၊ မပျံ့စဘူး၊
အမူးအမော်၊ ကြိုးသည်သော်ကား။
‎နားတော်ပျံ့ညောင်း၊ ညွတ်ချင်ကောင်းဟု
ရွေပေါင်းလှည့်ဖြား၊ လျှောက်ပါငြားလည်း
ရွှေသားမြလျှံ၊ ‎မွတ်ညက်စံသည်။ ။
ချစ်သံမြွက် မခြည်သောကြောင့်။

No comments:

Post a Comment