ခပေါင်းမြစ်ဝှန်၊ သည်ကိုလွန်၍၊
ရန်မာန်အောင်မြေ၊ လှည့်ခဲ့ခွေသား၊
မင်းနေညီနောင်၊ မြို့ထွတ်ခေါင်ဝယ်၊
ခြောက်ရောင်ဘဝဂ်၊ နှင့်သာစက်မျှ၊
ကွန်ရက်ခြည်စုံ၊ ပွင့်ငုံလျှံတောက်၊
သုံးပါးနောက်ကို၊ မရောက်ဘူးပါ၊
ခုသာလျှောက်ပန်၊ မလွန်ခေါက်ရက်
ကြားတိုင်းထက်လည်၊ ရွှေစက်တင်ဦး၊
ရသော်ထူး၏၊
ညွှတ်နူးစိမ့်သား၊ သည်စကားမူ၊
ပျံ့ရှားမဉ္ဇူ၊ နှင့်သာတူရှင့်၊
မဖြူစိတ်ညို၊ ရှိမည်ကိုလည်း၊
မြွက်ဆိုသမ်းမဲ၊ မတုံ့ဘဲသည်
ချေလဲမသာ ခက်သောကြောင့်။
No comments:
Post a Comment