သေမင်းရဲ့ ဖိတ်စာ
လာပါခဲ့ မနှေး ။
ငါမလာ ပြန်စာရေးတယ်
အိပ်နှင့်တော့လေး ။ ။
ချစ်သူ့ရဲ့ချိန်းစာ
လကာနဲ့ အတွေး ။
မောင်လာရင် ရွှေရင်နွေးနဲ့
ခင်ထွေးမယ်လေး ။ ။
မိုးသောက်သောအခါ
မျက်နှာမှ မသစ် ။
ချစ်သူ့အိမ် အရောက်သွားတယ်
လှေခါး ဆယ်ထစ် ။ ။
ဧည့်ခန်းသို့ဝင်
ရွှေရင်တို့လှုပ်ရှား ။
အလောင်းစင်
ပြင်ကာထားတယ်
သေမင်းဂလဲ့စား ။ ။
No comments:
Post a Comment