တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား၊
ယုဂန်လှည့်သွား၊ လရထားနှင့်၊
နတ်သားနီးကြ၊ သောကာလတွင်၊
သောကဓမ္မာ၊ ဌာပနာသား၊
သစ္စာဉာဏ်ပေါင်း၊ မရှုတောင်းသည်၊
ညီနှောင်းနောင်စော မြတ်မုဋ္ဌော။ ။
ကြာမောနေ့ရက်၊ သက်ဆက်သည်ချည်း၊
မနည်းကုံးသီ၊ များလေပြီတည့်၊
နွှဲမှီတူစုံ၊ ဘုန်းချင်းဆုံကို၊
ကြေးမုံအသွင်၊ ရှုမြင်နေကျ
ပါချင်လှ၍၊ ထိန်းယရွေဘော်၊
လျှောက်ပါသော်လည်း၊ နားတော်မညွှတ်၊
ဆင်းကြာနတ်သည်။ ။
နှုတ်လွှတ်မပါ မြွက်သောကြောင့်။
No comments:
Post a Comment