မိုး…..
တမ်းတချိန်တိုင်း ခံစားရလို့
နာကျင်ခြင်းတို့ခေတ္တမေ့ပြီး
မိုးသည်းထဲလျှောက်သွားမိတိုင်း
တစ်ယောက်တည်းအဖော်မဲ့နေဆဲပါပဲ…
မိုး…
နာကျင်စွာ အော်ဟစ်လို့
ကြေကွဲသွားတဲ့ ငါ့နှလုံးသားတစ်စုံကို
တစ်စဆီပြန်ကောက်ရင်း
တဖွဖွမြတ်နိုးစွာနမ်းရှိုက်မိတဲ့ငါ
မိုးသည်းထဲမှာပါ…
မိုး………..
တစ်ယောက်တစ်နေရာဆီ
ဝေးလွင့်လို့ကြွေနေရပေမဲ့
ငါ့မျက်ဝန်းထဲက မျက်ရည်စတို့
ပျိုကြချိန်တိုင်း မိုးနာမည်တဖွဖွ
ငါ့ရင်မှာတမ်းတနေဆဲပါပဲ….
အခုတော့ နေညိုချိန်တိုင်း
အပြာရောင်ကောင်းကင်ကြီးအောက်မှာ
တစ်ချိန်က မိုးသည်းတဲ့နေ့လေးကို
တမ်းတရင်း မိုးစွန့်သွားတဲ့ နေ့ရက်မှစ
ဒီနေ့အချိန်ထိ မိုးရယ်…..
ဘယ်ဆီမှာလဲကွယ်…
No comments:
Post a Comment