"တကွဲကွဲလျှင်
ကွေဘဲ ကွေနိုင်ဘိတော့သည်။
တ၀ဲဝဲလျှင်
ဖြေလဲ ဖြေနိုင်ခက်တော့သည်။
သို့လျှင်မပျော်၊ ဆွေစိတ်ပေါ်က
ရည်မျှော်ကိုယ်စား၊ ရုပ်ပုံကားကို
ရပ်နားတွေဝေ၊ ရှုမိချေ၏။
မွေးမေသခင်၊ ကျေးဇူးရှင်မူ
စန်းသွင် ကြည်သာ၊ ချိုမျက်နှာနှင့်
ခန်းသာဧည့်ဆောင်၊ ရွှေမှန်ဆောင်မှ
ခေါ်ယောင်ထင်မှန်း၊ ပြုံးရယ်လန်းသော်
စိတ်ဝမ်းရွှင်ကြည်၊ ပျော်မှုစည်၍
ဖြေဆည်ညွတ်နှူး၊ ဘ၀င်မြူးသည်
မိုးဦးပန်းသို့ လန်းသတည်း။ ။"
No comments:
Post a Comment