Saturday, 24 December 2011

ဗေဒါလမ်း(၃၆) မယ့်အိမ်ပဲ

ဒီ ကျချိန်တန်၊ အိမ်ပြန်တော့မလား။
ဗေဒါရီ ဒီရေကြောမှာ၊ မျှောတော့မယ်လား။
ချောင်းဖျားက ခါးတမာ၊ ချောင်းဝသာ သကာပျား။
ဗေဒါဆွေ ကျရေကြိုက်၊ လိုက်တော့မယ်လား။

အိုအချင်း ကျူရိုးရှင်။
ခါတမာ သကာပျား၊ ခြားလို့ဘူ့ရှင်။
မယ့်ဒီချောင်းမှာလ၊ ချောင်းဖျားလဲ မယ့် အိမ်ပင်
ချောင်းဝင်လဲ မယ့် အိမ်ပဲ။
ဒီတက်ချိန်တန်
အိမ်ပြန်တယ် ဆန်မယ်ခဲ၊ ချောင်းဖျားကိုပဲ။ ။

ဇော်ဂျီ

No comments:

Post a Comment