Saturday, 24 December 2011

ဗေဒါလမ်း(၁၅) သူ့လမ်းစဉ်

ကမ်းစပ်ကိုမင်
လမုပင်အခြေကြီးနဲ့၊ အသီးတွေဖြိုး။
ကမ်းခြေကိုဒီရေတိုး ၊ ပြိုလဲမှာစိုး။

ကမ်းစပ်ကိုမင်
ဓနိပင်ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။
ဓနိခိုင်အလက်ထဲက ခွဲရမှာစိုး။

ကမ်းစပ်ကိုမင်
လတာပြင်ငဖျံလူးလို့၊ ပျော်မြူးကြရိုး။
ဒီတက်လျင် လတာနုံး၊ ဒီဖုံးမှာစိုး။

စိုးပါဘု သူ့မူရာ။
ချောင်းတစ်ခွင်ပင်လယ်ဝက၊ ပန်းလှဗေဒါ။
ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ။
စုန်ဆင်းချိန်မှာ၊ စုန်လာနိုင်ပါဘိ။
သူ့လမ်းစဉ်သူမြင်ရဲ၊ သူစွဲတတ်ဘိ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ – ၁၉၆၀)

No comments:

Post a Comment