Saturday, 24 December 2011

ဗေဒါလမ်း(၂၆) ချောင်းကထွေထွေ

ချောင်းဝမှာပွေ၊ တေချင်လို့လေလား။
မတိုးသာဒိုက်သရော၊ မျောဆို့နိုင်အား။

ဒီတက်ချိန်တန် ဆန်နိုင်ပါ့မလား။
မဗေဒါ မယ့်ခရီးမှာ၊ သူဆီးလို့တား။

အိုအချင်းကျူရိုးဖေ။
မယ့်လမ်းမှာ ရာထောင်သောင်း၊ ချောင်းကထွေထွေ။
သည်ချောင်းကတားပါစေ၊ ဟိုချောင်းရေရှိပါသေး။
ဆန်ချိန်တော်ရေကျော်ဆိုက်အောင်၊ မင်းလိုက်ခဲ့လေး။ ။

ဇော်ဂျီ

No comments:

Post a Comment