Saturday, 24 December 2011

ဗေဒါလမ်း(၃၇) လမ်းရိုးပါကွဲ့

အနောက်ဖက်ဆီ၊ နေနီနှင့် တိမ်ပန်း။
ရှေ့ဆီမှာ ဓနိတန်း၊ ချောင်းရှေ့ဖက်ကမ်း။

ဓနိတန်း ကမ်းကွေ့မှာ။
ဒီတက်ချိန် တိမ်အစွမ်း၊ ပန်းတောက်တဲ့ခါ။
ကွေ့အောက်က ရေနီလာ၊ ကွေညာက မြသွေး။
မဗေဒါ ဆန်လာလမ်း၊ နန်းဆံပေ့လေး တဲ့။

အို အချင်း ကျူရိုးရှင်။
မင်းတို့ရွာ တစ်ဖက်ကမ်း၊ လမ်းက အမြင်။
မယ့်အနီး မယ့်ဝန်းကျင်၊ ချောင်းရေပြင် ကြည်လဲ့။
စုန်ကာ ဆန်ကာနှင့်၊ မြမပါ နီလာမဲ့၊
လမ်းရိုးပါကွယ့်။ ။

ဇော်ဂျီ

No comments:

Post a Comment