Saturday, 24 December 2011

ညို

ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့၊မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ၊ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။

ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား၊ အိပ်မက်များလို
မေ့သွားနိုင်ရိုး ၊အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် ၊သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ ၊ မိုးသားမည်းညို
ပြိုမည်းအုံးအုံး ၊ မိုးထစ်ခြုံးပြီ ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။

No comments:

Post a Comment