ကာလ သစ်ပင်ထက်
ပြက္ခဒိန် သစ်ရွက်တွေ
ဝေလိုက် ကြွေလိုက် ရာသီကိုက်ပင်။
သစ်လွင်မှုများ ၀ါးမျိုဖျက်ဆီး
စီးဆင်းလျက်နေ အချိန်ရေသည်
ခွေဆင်းရစ်ပတ် ငါ့ကိုဖြတ်၏။
တွေဝေခြင်းဖြင့် ဆင်းရဲတုန်လှုပ်
အတ္တသမုဒ္ဒရာ ငါသည်မြုပ်နစ်
ရွှံ့နွံညစ်ပေ လူဖြစ်ကျိုးနပ်မည်မဟုတ်။
သည်သို့ဖြင့်သာ
ကာလကြာပြီ ဆည်းဆာသို့ဝင်
မပြန်ချင်သေး မွေးဖွားခြင်းစ
ခြေလှမ်းချကာ ဘ၀ပျိုမျစ်
ငါအဖြစ်...နှစ်သစ်နှင့်အတူ စ ချင်၏။
မောင်စိန်ဝင်း (ပုတီးကုန်း)
No comments:
Post a Comment