မိုးမင်းနတ်စည်၊ မြည်ပင်မြည်လည်း
မမြည်ဝံ့ဝံ့၊ မြည်ဝံ့ဝံ့နှင့်
ရွံလျက်သာလျှင် ၊ တိုးတိုးပင်တည့်။
မိုးမင်းဒေ၀ါ၊ ရွာပြန်ပါလည်း
မရွာဝံ့ဝံ့ ရွာဝံ့ဝံ့နှင့်
ရွံလျက်သာလျှင် ၊ ဖွဲဖွဲပင်တည့်။
မိုးသံမပီ၊ မိုးမပီသည့်
အတည်မကျ၊ နွေဦးလတွင်
ပွင့်ကြ၀ါရွှေ ၊ မိုးပေါက်ခြွေ၍
မြေခပြန့်ကျင်း ၊ ငုပန်းခင်းကို
ရှုရင်းငါ့ဝယ်၊ အသွယ်သွယ်သည်
ဘယ်ဆီလွမ်းမိ တယ်မသိ။
ဇော်ဂျီ
No comments:
Post a Comment