Saturday, 24 December 2011

ကြွေပွင့်ကိုသာကောက်ပါမောင်

ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။

လှမ်းမီပေမယ့်
မောနေပါ့မယ် ခူးမလွယ်ဘူး၊
မြေ၀ယ်လျှောင်းစင်း မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့် ခရေပွင့်လေ။

အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်…

No comments:

Post a Comment