Saturday, 24 December 2011

ဗေဒါလမ်း(၃၁) မင်းပါမှပဲ

စာဗူးတောင်းမှာ၊ စါဝါတို့လင်မယား။
သူတို့လွမ်းကြတော့
မယ်လွမ်းအောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖက်လိပ်အိမ်ဆင်၊ ခါချဉ်က လက်သမား။
လက်ရာဆန်းပါဘိ။
ကမ်းကုန်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

မိုးတက်မယ့်ဟန် ၊ ငဖျံ က ဂျွမ်းသမား။
အကြံကြီးသူမို့
မီးပွင့်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖွဲ့ချင်ရဲ့နော်၊ ဖေါ်ချင်ရဲ့မနဲ။
ဒီလှိုင်းပျံ ထန်ချင်ထန်တဲ့
ဆန်ချိန်တန် ဆန်တက်ရင်းသာပါ့
ဆန်ချိန်ကုန် စုန်လို့ဆင်းပါတဲ့
ဗေဒါငယ် မယ် မငြင်းရယ်၊ မင်းပါမှပဲ။ ။

ဇော်ဂျီ

No comments:

Post a Comment