Saturday, 24 December 2011

နောက်ဆုံး ငါ့ မျှော်လင့်ချက်

ပုံအပ်ခဲ့ပါတယ်…….
မကြင်နာမှန်းသိလျှက်နဲ့ အရာရာ
ပုံအပ်ခဲ့ပါတယ်..
တမ်းတတိုင်း လွမ်းမိပါတယ်
မေ့ပျောက်နိုင်စွမ်းမရှိတဲ့
…ဒီနေ့စွဲတွေ
တမ်းတတိုင်း သတိရနေမိတယ်.
နားလည်မှုဆိုတာ ညှိယူလို့ရနိုင်ပေမဲ့
မင်း အပေါ် သဘောထားကြီး ခဲ့တဲ့ ငါ
သဘောထားသေးသိမ်ခဲ့လို့လား
ငါ့ကိုယ်ငါတောင် ဝေဖန်လို့မရတော့ဘူးကွာ.
မင်းဝေးသွားပေမဲ့ ငါ့စိတ်တွေ
အနေမဝေးခဲ့ပါဘူး..
တစ်ခါပြန်တွေးတိုင်း လွမ်းလို့
ငါ့ကိုယ်ငါ အလွမ်းသမားလို့
နာမည်ပေးရမလိုတောင်ဖြစ်နေရပြီ
လိုချင်တာ ယူသွားနိုင်ပါတယ်..
မင်းအတွက် အရာရာ ငါအရှုံးပေးပြီးသား
နောက်ဆုံး ငါ့အတွက်..
နှလုံးသားတစ်စုံသာ ထားခဲ့ပါကွာ……..

No comments:

Post a Comment