Saturday, 24 December 2011

ဝေမည်လော

လေရူးနှောက်၍၊
သွေ့ခြောက်ရွက်ဝါ ကြွေခဲ့ပြီ။

နွေဦးပေါက်၍၊
မြညှောက်နုလွှာ ဝေခဲ့ပြီ။

အဟောင်းပျက်မူ၊ အသစ်ပြူသည့်
ဤမူလောက၊ သဘာဝသို့
ရှေးက အချစ်၊ ဝေးကျန်ရစ်သော်
ပွင့်သစ်မေတ္တာ၊ ဖူးငုံအာလည်း
ဧရာနှယ်ဖြိုး၊ ကြင်နာတိုးသည်
ချစ်မိုးစွေက ဝေမည်လော။ ။

No comments:

Post a Comment