ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ပညာမှာစွမ်းသနည်း
စွမ်းသည်ခြင်းရာဆိုသည်မှာကား
စာတွေ့သက်သက် စာမာန်တက်၍
စာထွက်များလျား စကားတက်တွတ်
ရွတ်တတ်အံ့ဘနန်း သည်အစွမ်းသည်
စွမ်းရည်မရိုး သူ့ကိုယ်ကျိုး
စာတွေ့အသိ ကိုယ်တွေ့ညှိ၍
မှန်၏ ကောင်း၏ ဥာဏ်ဖြင့်သိ၍
သတိထိန်းချုပ် စိတ်ကောင်းအုပ်၍
အလုပ်ချစ်ခင် ဂုဏ်ဟုမြင်၍
လိုချင်ကြိုးပမ်း သည်အစွမ်းသည်
စွမ်းရည်မိုးထိုး အများကျိုး
ဇော်ဂျီ (၁၉၆၄)
No comments:
Post a Comment