Saturday, 24 December 2011

ငိုပါတော့မေ

လွှင့်ပစ်လိုက်စမ်း…
လွှင့်ပစ်လိုက်စမ်း…

တိမ်တိုက်အပြာ သည်နီလာတွေ
ဝါရည်နို့ ခဲ သည်ပုလဲတွေ
ခဲသားရင့်ရင့် သည်စိန်ပွင့်တွေ။

လွှင့်ပစ်လိုက်လေ
မြေပြင်ဟိုဘက် လှိုင်းပွက်ပွက်နှင့်
ရေနက်ထဲနှစ် ကြဲချပစ်လိုက်။

မျက်ရည်စိုနှင့် ငိုတော့မေရယ်
တွယ်တာစရာ မေတ္တာကင်းမှ
သည်ဘ၀မှာ
ဘာကိုမက်မော ပျော်မလဲ။

(ကြည်အေး၏ နွမ်းလျအိမ်ပြန်မှ)

No comments:

Post a Comment