Saturday, 24 December 2011

ယစ်ရွှေရည်

မြှုပ်စီစီ ကြည်ပယင်း
ယစ်ရွှေရည် သည်ပုလင်းကိုမှ
ယမင်းအမူပိုနှင့်
တူနှစ်ကိုယ် မြှူချိုမွေ့ ရာက
တေ့…
တေ့…
(အဲလေ)တေ့…
တေ့…(ဘာဖြစ်တုန်း၊ ဆက်ရေးလေ)
တေ့…(မရေးရဲဘူး၊ လက်တုန်နေတယ်)
(ကဲလေ…ရေးလိုက်ပါတော့မယ်)

မြှုပ်စီစီ ကြည်ပယင်း
ယစ်ရွှေရည် သည်ပုလင်းကိုမှ
ယမင်းအမူပိုနှင့်
တူနှစ်ကိုယ် မြှူချိုမွေ့ ရာက
တေ့…မော့လိုပါ။

(ကြည်အေး ၏ ယစ်ရွှေရည် မှ)

No comments:

Post a Comment